Friday, July 8, 2016

သမၼာဒိ႒ိျဖစ္ျခင္း တရား(၁၀)ပါး (သမ္မာဒိဋ္ဌိဖြစ်ခြင်း တရား(၁၀)ပါး)

 ZawGyi :

၁။အတၳိ ဒိႏၷံ = ေပးလွဴျခင္း၏ အက်ိဳးသည္ အမွန္ရွိ၏။
၂။အတၳိ ယိ႒ံ = အလွဴၾကီးေပးလွဴရျခင္း၏ အက်ိဳးသည္ အမွန္ရွိ၏။
၃။အတၳိ ဟုတံ = အလွဴငယ္ေပးလွဴရျခင္း၏ အက်ိဳးသည္ အမွန္ရွိ၏။
၄။အတၳိ သုကတဒုကၠဋာနံ ကမၼာနံ ဖလံ ဝိပါေကာ = ကုသိုလ္ကံ အကုသိုလ္ကံ တို႔၏ အက်ိဳးဆက္(ဖလ) ၊ အက်ိဳးရင္း (ဝိပါက)သည္ အမွန္ရွိ၏။
၅။အတၳိ အယံေလာေကာ = ဤေလာကသည္ အမွန္ရွိ၏။
၆။အတၳိ ပေရာေလာေကာ = တမလြန္ေလာကသည္ အမွန္ရွိ၏။
၇။အတၳိ မာတာ = အမိကို ေကာင္းစြာျပဳစုျခင္း ေကာင္းမြန္စြာ မျပဳစုျခင္း၏ အက်ိဳးသည္ အမွန္ရွိ၏။
၈။အတၳိ ပိတာ = အဖကို ေကာင္းစြာျပဳစုျခင္း ေကာင္းမြန္စြာ မျပဳစုျခင္း၏ အက်ိဳးသည္ အမွန္ရွိ၏။
၉။အတၳိ သတၱာ ၾသပပါတိကာ = ေသ၍ တစ္ဖန္ျဖစ္ရျပန္ေသာ သတၱဝါတို႔သည္ အမွန္ရွိ၏။
၁၀။အတၳိ ေလာေက သမဏျဗဟၼဏာ သမၼဂၢတာ သမၼာပဋိပႏၷာ = ဤေလာကကိုလည္းေကာင္း ၊ တမလြန္ေလာကကိုလည္းေကာင္း ကုိယ္တိုင္ထူးေသာ ဥာဏ္ျဖင့္ သိ၍ မ်က္ေမွာက္ျပဳကာ ေဟာၾကားႏိုင္ေသာ ေကာင္းေသာ အက်င့္ရွိေသာ သမဏျဗဟၼဏတို႕သည္ ေလာက၌ အမွန္ရွိ၏။
ဤ(၁၀)ပါးကို လက္ခံယံုၾကည္မွဳႏွင့္ ျပည့္စံုလ်ွင္ သမၼာဒိ႒ိ အယူမွန္၏။ ထိုအျမင္ျဖင့္ ကုသိုလ္ျပဳမွ ဘဝသမၸတၱိ ၊ ေဘာဂသမၸတၱိ ႏွင့္ ျပည့္စံု၍ နိဗၺာန္အထိ ေရာက္ႏိုင္သည္။ အယူမွားလ်ွင္ ဘုရားခ်ြတ္၍ မက်ြတ္ေသာ သံသာရခါဏုက = သံသရာသစ္ငုတ္ၾကီး ျဖစ္ကာ အယူလြဲမွားေသာ နိယတမိစၧာဒိ႒ိကို ယူသည့္ တိတၳိၾကီးမ်ား ျဖစ္ႏိုင္၏။ သို႔ျဖစ္၍ အယူေျဖာင့္မွန္သူ ျဖစ္ျခင္းသည္ ပဓာနအဓိက ျဖစ္သည္။
ဆုထူးပန္ ဆရာဟန္ (B.A.,Dip.Ed) ၏
သံသရာ လမ္းညႊန္ ပညာ
ဆုထူးပန္ အဘိဓမၼာ
(ဒုတိယဆင့္)
ဝီထိမုတ္ပိုင္း (ဘံုပိုင္း) မွ
ေကာက္ႏုတ္ေဖာ္ျပကာ ဓမၼဒါန ျပဳအပ္ပါသည္။
မွန္ကန္ေသာ ဓမၼအသိတို႔ျဖင့္ အက်ိဳးရွိရွိ ေနႏိုင္ၾကပါေစ ကုန္သတည္း။

Unicode :

 ၁။အတ္ထိ ဒိန္နံ = ပေးလှူခြင်း၏ အကျိုးသည် အမှန်ရှိ၏။

၂။အတ္ထိ ယိဋ္ဌံ = အလှူကြီးပေးလှူရခြင်း၏ အကျိုးသည် အမှန်ရှိ၏။

၃။အတ္ထိ ဟုတံ = အလှူငယ်ပေးလှူရခြင်း၏ အကျိုးသည် အမှန်ရှိ၏။

၄။အတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော = ကုသိုလ်ကံ အကုသိုလ်ကံ တို့၏ အကျိုးဆက်(ဖလ) ၊ အကျိုးရင်း (ဝိပါက)သည် အမှန်ရှိ၏။

၅။အတ္ထိ အယံလောကော = ဤလောကသည် အမှန်ရှိ၏။

၆။အတ္ထိ ပရောလောကော = တမလွန်လောကသည် အမှန်ရှိ၏။

၇။အတ္ထိ မာတာ = အမိကို ကောင်းစွာပြုစုခြင်း ကောင်းမွန်စွာ မပြုစုခြင်း၏ အကျိုးသည် အမှန်ရှိ၏။

၈။အတ္ထိ ပိတာ = အဖကို ကောင်းစွာပြုစုခြင်း ကောင်းမွန်စွာ မပြုစုခြင်း၏ အကျိုးသည် အမှန်ရှိ၏။

၉။အတ္ထိ သတ္တာ သြပပါတိကာ = သေ၍ တစ်ဖန်ဖြစ်ရပြန်သော သတ္တဝါတို့သည် အမှန်ရှိ၏။

၁၀။အတ္ထိ လောကေ သမဏဗြဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ = ဤလောကကိုလည်းကောင်း ၊ တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်သော ကောင်းသော အကျင့်ရှိသော သမဏဗြဟ္မဏတို့သည် လောက၌ အမှန်ရှိ၏။

ဤ(၁၀)ပါးကို လက်ခံယုံကြည်မှုနှင့် ပြည့်စုံလျှင် သမ္မာဒိဋ္ဌိ အယူမှန်၏။ ထိုအမြင်ဖြင့် ကုသိုလ်ပြုမှ ဘဝသမ္ပတ္တိ ၊ ဘောဂသမ္ပတ္တိ နှင့် ပြည့်စုံ၍ နိဗ္ဗာန်အထိ ရောက်နိုင်သည်။ အယူမှားလျှင် ဘုရားချွတ်၍ မကျွတ်သော သံသာရခါဏုက = သံသရာသစ်ငုတ်ကြီး ဖြစ်ကာ အယူလွဲမှားသော နိယတမိစ္ဆာဒိဋ္ဌိကို ယူသည့် တိတ္ထိကြီးများ ဖြစ်နိုင်၏။ သို့ဖြစ်၍ အယူဖြောင့်မှန်သူ ဖြစ်ခြင်းသည် ပဓာနအဓိက ဖြစ်သည်။

ဆုထူးပန် ဆရာဟန် (B.A.,Dip.Ed) ၏
သံသရာ လမ်းညွှန် ပညာ
ဆုထူးပန် အဘိဓမ္မာ
(ဒုတိယဆင့်)
ဝီထိမုတ်ပိုင်း (ဘုံပိုင်း) မှ
ကောက်နုတ်ဖော်ပြကာ ဓမ္မဒါန ပြုအပ်ပါသည်။

မှန်ကန်သော ဓမ္မအသိတို့ဖြင့် အကျိုးရှိရှိ နေနိုင်ကြပါစေ ကုန်သတည်း။

No comments:

Post a Comment