Monday, July 11, 2016

ဖန္ဆင္း႐ွင္မွာ မိမိသာ (ဖန်ဆင်းရှင်မှာ မိမိသာ)

Zawgyi :

ဖန္ဆင္း႐ွင္မွာ မိမိသာ
============
ျမတ္စြာဘုရားသည္ သာဝတၳိျပည္၊ ေဇတဝန္ေက်ာင္း၌ သီတင္းသုံး
ေနေတာ္မူ၏။ ထိုအခါ ေတာေဒယ် ပုဏၰား၏သား သုဘလုလင္သည္ သင့္ေလ်ာ္ရာ၌ထိုင္ကာ ျမတ္စြာဘုရားအား ဤသို႔ေလွ်ာက္ ထား၏။

သုဘ
အ႐ွင္ဘုရား၊ လူအခ်င္းခ်င္းျဖစ္ၾကပါလ်က္_
(၁) အသက္တိုျခင္း၊ အသက္႐ွည္ျခင္း၊
(၂) အနာေရာဂါမ်ားျခင္း၊ အနာေရာဂါကင္းျခင္း၊
(၃) အ႐ုပ္ဆိုးျခင္း၊ အဆင္းလွျခင္း၊
(၄) အျခံအရံမ႐ွိျခင္း၊ အျခံအရံမ်ားျခင္း၊
(၅) စည္းစိမ္ဥစၥာ႐ွားပါးျခင္း၊ စည္းစိမ္ဥစၥာေပါမ်ားျခင္း၊
(၆) အမ်ဳိးယုတ္ျခင္း၊ အမ်ဳိးျမတ္ျခင္း၊
(၇) ပညာမဲ့ျခင္း၊ ပညာ႐ွိျခင္း ဟူ၍လူမႈအဆင့္အနိ္မ့္အျမင့္တို႔ကုိ ေတြ႔ျမင္ရပါသည္။ ထိုအေၾကာင္း ရင္းမ်ားကား အဘယ္ပါနည္း ဘုရား။
ဘုရား
လုလင္၊ ေကာင္းစြာ ႏွလုံးသြင္း၍ နာယူပါ။ သတၱဝါတုိ႔သည္ ကံသာလွ်င္ မွီခိုရာအေၾကာင္းရင္း ႐ိွ၏။ ထိုကံသည္ သတၱဝါ တို႔ကို အနိမ့္-အျမင့္ ကြဲျပားျခားနားေစ၏။
သုဘ
ျမတ္စြာဘုရား၊ ဤတရားသည္ အက်ဉ္းျဖစ္၍ တပည့္ေတာ္ မသိပါ ဘုရား။ အနက္သေဘာ အက်ယ္ကို ေဟာၾကားေတာ္ မူပါဘုရား။
ဘုရား
(၁) သူတစ္ပါးကို မသနားဘဲ သတ္ျဖတ္မႈ အက်င့္ေၾကာင့္ အသက္တိုရ၏။ မသတ္ဘဲ ေ႐ွာင္ၾကဉ္ မႈေၾကာင့္ အသက္ ႐ွည္ရ၏။
(၂) သူတစ္ပါးကို ညွဉ္းဆဲမႈ အက်င့္ေၾကာင့္ ေရာဂါမ်ားရ၏။ မညွဉ္းဆဲမႈေၾကာင့္ ေရာဂါနည္းပါး ရ၏။
(၃) သူတစ္ပါးကို အမ်က္ထြက္မႈ အက်င့္ေၾကာင့္ အဆင္းမလွ ႐ုပ္ဆိုးရ၏။ ေမတၱာထားမႈေၾကာင့္ အဆင္းလွပတင့္တယ္ရ၏။
(၄) သူတစ္ပါးကို ျငဴစူမနာလိုမႈ အက်င့္ေၾကာင့္ အၿခံအရံမ႐ွိ
ျဖစ္ရ၏။ ျငဴစူမနာလိုကင္းမႈေၾကာင့္ အၿခံအရံမ်ားျပားရ၏။
(၅)သမဏ ျဗာဟၼဏတို႔အား မေပးလႉမႈ အက်င့္ေၾကာင့္ စည္းစိမ္ဥစၥာ႐ွားပါးရ၏။ ေပးကမ္းလႉဒါန္းမႈေၾကာင့္စည္းစိမ္ဥစၥာ
ေပါမ်ားရ၏။
(၆) မာနႀကီး၍ ခက္ထန္ၿပီး မ႐ုိေသမႈ အက်င့္ေၾကာင့္ အမ်ဳိး ယုတ္ညံ့ရ၏။ ႐ုိေသႏွိမ့္ခ် မာနမေထာင္လႊားမႈ ေၾကာင့္အမ်ဳိး
ျမင့္ျမတ္ရ၏။
(၇) သမဏ ျဗာဟၼဏတို႔ကို ခ်ဉ္းကပ္ၿပီး အဖန္ဖန္မေမးျမန္းမႈ အက်င့္ေၾကာင့္ ပညာမဲ့ျဖစ္ရ၏။ အဖန္ဖန္ ေမးျမန္းမႈေၾကာင့္ ပညာ႐ွိျဖစ္ရ၏။
သုဘ
အ႐ွင္ဘုရား၊ တရားေတာ္သည္ အလြန္ႏွစ္သက္ဖြယ္ ျဖစ္ပါ
သည္။ လမ္းမွားသူအား လမ္းမွန္ကုိ ေျပာၾကားဘိသုိ႔ ႐ိွပါ၏။ တပည့္ေတာ္ သည္ ဘုရား၊ တရား၊ သံဃာ ရတနာျမတ္သုံးပါး ကို ကိုးကြယ္ရာ ဟူ၍ ဆည္းကပ္ပါ၏။ တပည့္ေတာ္အား ယေန႔မွစ၍ ဥပါသကာဟု မွတ္ေတာ္မူပါ ဘုရား။
ဘုရား
ဤသို႔ လူမႈအဆင့္ အနိမ့္-အျမင့္ ကြဲျပားျခားနား ေနရျခင္း
သည္ နတ္ ျဗဟၼာတို႔ ဖန္ဆင္း၍မဟုတ္၊ ဖန္ဆင္း႐ွင္မွာ မိမိျပဳလုပ္ေသာ ကံေကာင္း ကံဆိုး ႏွစ္ပါးေၾကာင့္ပင္တည္း။

သာဓု သာဓု သာဓု

က်မ္းကုိး။ ။စူဠကမၼဝိဘဂၤသုတ္၊ ဝိဘဂၤဝဂ္၊ ဥပရိပဏၰာသပါဠိေတာ္၊ မဇၩိမနိကာယ္။

Unicdoe :

ဖန်ဆင်းရှင်မှာ မိမိသာ
============
မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း၌ သီတင်းသုံး
နေတော်မူ၏။ ထိုအခါ တောဒေယျ ပုဏ္ဏား၏သား သုဘလုလင်သည် သင့်လျော်ရာ၌ထိုင်ကာ မြတ်စွာဘုရားအား ဤသို့လျှောက် ထား၏။

သုဘ
အရှင်ဘုရား၊ လူအချင်းချင်းဖြစ်ကြပါလျက်_
(၁) အသက်တိုခြင်း၊ အသက်ရှည်ခြင်း၊
(၂) အနာရောဂါများခြင်း၊ အနာရောဂါကင်းခြင်း၊
(၃) အရုပ်ဆိုးခြင်း၊ အဆင်းလှခြင်း၊
(၄) အခြံအရံမရှိခြင်း၊ အခြံအရံများခြင်း၊
(၅) စည်းစိမ်ဥစ္စာရှားပါးခြင်း၊ စည်းစိမ်ဥစ္စာပေါများခြင်း၊
(၆) အမျိုးယုတ်ခြင်း၊ အမျိုးမြတ်ခြင်း၊
(၇) ပညာမဲ့ခြင်း၊ ပညာရှိခြင်း ဟူ၍လူမှုအဆင့်အနိ်မ့်အမြင့်တို့ကို တွေ့မြင်ရပါသည်။ ထိုအကြောင်း ရင်းများကား အဘယ်ပါနည်း ဘုရား။
ဘုရား
လုလင်၊ ကောင်းစွာ နှလုံးသွင်း၍ နာယူပါ။ သတ္တဝါတို့သည် ကံသာလျှင် မှီခိုရာအကြောင်းရင်း ရှိ၏။ ထိုကံသည် သတ္တဝါ တို့ကို အနိမ့်-အမြင့် ကွဲပြားခြားနားစေ၏။
သုဘ
မြတ်စွာဘုရား၊ ဤတရားသည် အကျဉ်းဖြစ်၍ တပည့်တော် မသိပါ ဘုရား။ အနက်သဘော အကျယ်ကို ဟောကြားတော် မူပါဘုရား။
ဘုရား
(၁) သူတစ်ပါးကို မသနားဘဲ သတ်ဖြတ်မှု အကျင့်ကြောင့် အသက်တိုရ၏။ မသတ်ဘဲ ရှောင်ကြဉ် မှုကြောင့် အသက် ရှည်ရ၏။
(၂) သူတစ်ပါးကို ညှဉ်းဆဲမှု အကျင့်ကြောင့် ရောဂါများရ၏။ မညှဉ်းဆဲမှုကြောင့် ရောဂါနည်းပါး ရ၏။
(၃) သူတစ်ပါးကို အမျက်ထွက်မှု အကျင့်ကြောင့် အဆင်းမလှ ရုပ်ဆိုးရ၏။ မေတ္တာထားမှုကြောင့် အဆင်းလှပတင့်တယ်ရ၏။
(၄) သူတစ်ပါးကို ငြူစူမနာလိုမှု အကျင့်ကြောင့် အခြံအရံမရှိ
ဖြစ်ရ၏။ ငြူစူမနာလိုကင်းမှုကြောင့် အခြံအရံများပြားရ၏။
(၅)သမဏ ဗြာဟ္မဏတို့အား မပေးလှူမှု အကျင့်ကြောင့် စည်းစိမ်ဥစ္စာရှားပါးရ၏။ ပေးကမ်းလှူဒါန်းမှုကြောင့်စည်းစိမ်ဥစ္စာ
ပေါများရ၏။
(၆) မာနကြီး၍ ခက်ထန်ပြီး မရိုသေမှု အကျင့်ကြောင့် အမျိုး ယုတ်ညံ့ရ၏။ ရိုသေနှိမ့်ချ မာနမထောင်လွှားမှု ကြောင့်အမျိုး
မြင့်မြတ်ရ၏။
(၇) သမဏ ဗြာဟ္မဏတို့ကို ချဉ်းကပ်ပြီး အဖန်ဖန်မမေးမြန်းမှု အကျင့်ကြောင့် ပညာမဲ့ဖြစ်ရ၏။ အဖန်ဖန် မေးမြန်းမှုကြောင့် ပညာရှိဖြစ်ရ၏။
သုဘ
အရှင်ဘုရား၊ တရားတော်သည် အလွန်နှစ်သက်ဖွယ် ဖြစ်ပါ
သည်။ လမ်းမှားသူအား လမ်းမှန်ကို ပြောကြားဘိသို့ ရှိပါ၏။ တပည့်တော် သည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။ တပည့်တော်အား ယနေ့မှစ၍ ဥပါသကာဟု မှတ်တော်မူပါ ဘုရား။
ဘုရား
ဤသို့ လူမှုအဆင့် အနိမ့်-အမြင့် ကွဲပြားခြားနား နေရခြင်း
သည် နတ် ဗြဟ္မာတို့ ဖန်ဆင်း၍မဟုတ်၊ ဖန်ဆင်းရှင်မှာ မိမိပြုလုပ်သော ကံကောင်း ကံဆိုး နှစ်ပါးကြောင့်ပင်တည်း။

သာဓု သာဓု သာဓု

ကျမ်းကိုး။ ။စူဠကမ္မဝိဘင်္ဂသုတ်၊ ဝိဘင်္ဂဝဂ်၊ ဥပရိပဏ္ဏာသပါဠိတော်၊ မဇ္ဈိမနိကာယ်။

No comments:

Post a Comment