Friday, July 8, 2016

အကယ္၍ ဒီအခ်ိန္မွာမေတာ္တဆ(Accident) ျဖင့္ ကြယ္လြန္သြားေသာ္ (အကယ်၍ ဒီအချိန်မှာမတော်တဆ(Accident) ဖြင့် ကွယ်လွန်သွားသော်)

Zawgyi :

အကယ္၍ ဒီအခ်ိန္မွာမေတာ္တဆ(Accident) ျဖင့္ ကြယ္လြန္သြားေသာ္။
================================================
ဗုဒၶဘုရားရွင္ေတာ္ျမတ္ႀကီး၏ တရားေတြဟာ ပိုလို႔ျဖဳတ္စရာ မလိုဘူး၊ လိုလို႔ျဖည့္စရာလဲ မရွိဘူး၊ ဘယ္လူ၊ ဘယ္နတ္၊ ဘယ္ျဗဟၼာ၊ ဘယ္လိုကန္႔လန္႔တိုက္တဲ့သူကမွ အျပစ္ေျပာစရာမရွိဘူး။
မဟာနာမ္က ေန႔လယ္ေန႔ခင္း ဆိုရင္ ဘုရားေက်ာင္းကိုသြား၊ ညေနဆိုရင္ျပန္နဲ ့ တေန႔ေတာ့.. ဘုရားရွင္ကိုေလွ်ာက္တယ္ = ဘုန္းေတာ္ႀကီး ျမတ္စြာဘုရား တပည့္ေတာ္တို႔ ကပိလ၀တ္ျပည္က စည္ပင္လိုက္တာဘုရား လူေတြလဲျပည့္ညွပ္ တိရစၦာန္ေတြကလဲ ျပည့္ညွပ္ေနတာ
ပဲဘုရား။ ၿမိဳ႕ကလဲစည္ကားလိုက္တာ ယာဥ္၊ ရထားေတြကလဲ အမ်ားႀကီး ျမင္းေတြေရာ ဆင္ေတြေရာ၊ အိုး ...... လမ္းႀကီးလမ္းငယ္၊ လမ္းသြယ္လမ္းမ၊ ျပည့္ညွပ္ေနတာပဲ၊ သြားတာလာတာေတာင္ မနည္းၾကည့္ေရွာင္ၿပီး သြားေနရပါတယ္။ ယာဥ္၊ ရထားကမ်ား တိုက္သြားလို႔က
ေတာ့ ေသမွာပါဘုရား၊ တပည့္ေတာ္ ဒီကျပန္တဲ့အခ်ိန္ လူပိုစည္တယ္ဘုရား၊ တပည့္ေတာ္အဲဒီလို သြားေနတုန္း ရုတ္တရက္(Accident) ျဖစ္၊ တပည့္ေတာ္ ေသရင္ဘုရား...တပည့္ေတာ္
ေသတာက ေကာင္းေသာေသျခင္း ဘယ္ျဖစ္မလဲဘုရား၊ ဆိုးေသာေသျခင္း ျဖစ္မွာေပါ့။ ေသျပီးရင္ မဟုတ္တဲ့ဆီ၊ ေရာက္သြားမွာေပါ့၊ အပါယ္ေလးဘံုကို ေရာက္သြားမွာေပါ့၊ တပည့္ေတာ္
စိတ္ထဲ အဲဒီလို ျဖစ္ေနပါတယ္ဘုရား။ *** ဆိုလိုတဲ့ သေဘာက ခုေခတ္နဲ ့ေျပာရင္ ဒီေလာက္
ရွဳပ္ေနတဲ့ အထဲမွာ မွတ္လို႔ရမွာလား ဆိုရင္ မရဘူး၊ ရွဳလို႔ရမွာလားဆိုတာ မအားဘူး။ ဒီအခ်ိန္မွာ မေတာ္တဆ(Accident) ျဖစ္လို ့ ေသသြားရင္.. တပည့္ေတာ္ ဘယ္လိုလုပ္ရမွာလဲ? ။
ဘုရားရွင္က..... အဲဒီ အေၾကာင္းေၾကာင့္ေတာ့ မေၾကာက္ပါနဲ ့ကြယ္၊ အပါယ္က်မွာ မေၾကာက္ပါနဲ ့ကြယ္။ (မွတ္တဲ့သတိ မရွိမွန္းသိတယ္၊ ရွဳတဲ့သတိ မရွိမွန္းသိတယ္။) ဘာျဖစ္လို႔လဲဆိုေတာ့ သင့္မွာဘုရား ၾကည္ညိဳတဲ့ စိတ္ ရွိတယ္၊ တရားၾကည္ညိဳတဲ့ စိတ္ ရွိတယ္၊ သံဃာ
ၾကည္ညိဳတဲ့ စိတ္ ရွိတယ္။ ဘုရား၊ တရား၊ သံဃာကို ထဲထဲ၀င္၀င္ ၾကည္ညိဳတဲ့ စိတ္ ရွိတယ္။
သင့္မွာ သီလစင္ၾကယ္တဲ့ စိတ္ဓါတ္ ရွိတယ္။ သင္မမွတ္ေပမဲ့ သင့္ "ဓါတ္"က ေကာင္းတယ္၊
သင္မရွဳေပမဲ့ သင့္"ဓါတ္" က ေကာင္းတယ္၊ လူအုပ္ၾကား ဆင္နင္းလို ့၊ ရထားတိုက္လို ့ေသ
ရင္လဲ သင္အပါယ္မက်ဘူး။ (မွတ္မွ အပါယ္မက်ဘူး၊ ရွဳမွ အပါယ္မက်ဘူး ထင္ေနၾကတာ၊
မွတ္သာမွတ္တယ္ ရွဳသာရွတယ္"ဓါတ္" မလာရင္ အပါယ္က်တယ္။ တကယ့္သူေတာ္ေကာင္း
'ဓါတ္' သာရွိေနရင္ မမွတ္လဲ မက်ဘူး၊ မရွဳလဲ မက်ဘူး။) မဟာ၀ဂၢသံယုတ္၊ မဟာနာမသုတၱန္
မွာ ဘုရားရွင္ ေဟာထားပါတယ္။
မွတ္ဖို႔ ရွဳဖို႔ အဓိကမဟုတ္ဘူး၊ သူေတာ္ေကာင္း 'ဓါတ္' ေပၚေအာင္ႀကိဳးစားပါ၊ ဘုရားရွင္
က မဟာနာမ္ကို မေၾကာက္နဲ႔လို ့ေျပာတာ၊ ဘုရား၊ တရား၊ သံဃာကို ၾကည္ညိဳၿပီး သီလလဲရွိ
တယ္၊ အတြက္ေၾကာင့္တဲ့။ ဘာ.."စိတ္" ေလးလံမွဳမ်ား မရွိဘူးဆိုရင္၊ အပါယ္မက်ဘူးတဲ့။
ဘုရားေပးတဲ့ ဥပမာက = မဟာနာမ္ရယ္.. ဆီ ထည့္ထားတဲ့ အိုးတစ္လံုးကို ယူၿပီးေတာ့
ေရထဲခြဲခ်လိုက္စမ္းပါ၊ သင္ကိုယ္တိုင္ မ်က္၀ါးထင္ထင္ ျမင္ရမွာပါ၊ ဆီကေရေပၚ ေပၚၿပီး အိုး
ျခမ္းကြဲေတြက ေအာက္က်ျမွဳပ္ကုန္မွာတဲ့၊ သင့္ခႏၶာႀကီးက ေသၿပီးေတာ့ အိုးကြဲသလို ဖရိုဖရဲ
ပ်က္စီးသြားတာ အဓိကမဟုတ္ဘူး။ သင့္စိတ္ဓါတ္က ေပါ့တဲ့အတြက္ေၾကာင့္ ဆီေပၚသလိုေပၚ
တာ၊ ေရေအာက္မျမွဳပ္ဘူးတဲ့။ အပါယ္ေလးဘံု မေရာက္ဘူးတဲ့။ လူျပည္အလႊာက ေအာက္ကို
မေရာက္ဘူးတဲ့။ အိုးျခမ္းကြဲမို႔ ျမွဳပ္တာမဟုတ္ဘူး။ ေလးလို႔ ျမွဳပ္တာ။ ဆီမို႔လို႔ေပၚတာမဟုတ္
ဘူး။ ေပါ့လို႔ ေပၚတာ။ " စိတ္ " ကေလးဟာ ဘုရား၊ တရား၊ သံဃာၾကည္ညိဳ ကိုယ့္သီလစင္
ၾကယ္ ဘာ " စိတ္" ေလးလံမွဳမ်ား မရွိဘူးဆိုရင္ အပါယ္မက်ဘူးတဲ့။
မိမိနဲ႔ ဓမၼမိတ္ေဆြ အေပါင္းတို႔လည္းဘုရား၊ တရား၊ သံဃာၾကည္ညိဳၿပီး သီလစင္ၾကယ္
ကာ ျမင့္ျမတ္တဲ့ ဓမၼကိုအေဖၚျပဳရင္း နိဗၺာန္ဆီသို႔ တက္လွမ္းႏိုင္ၾကပါေစ။။
{၁၃၇၂-ခု ဒုတိယ၀ါဆိုလဆန္း ၁၄ ရက္၊တနဂၤေႏြေန ့ ေမွာ္ဘီၿမိဳ ့ တရားစခန္း၌ ဓမၼဒူတ
အရွင္ေဆကိႏၵ ေဟာၾကားေတာ္မူေသာ" အာရုဏ္တက္မွ ေနထြက္ပါတယ္ "တရားေတာ္
(အသံ) မွ ေကာက္ႏုတ္ ေရးသားပူေဇာ္ပါသည္။ ။
(တရားေတာ္ကို အသံမွနာယူေရးသားပါသည္၊ မွားယြင္းမွဳမ်ားရွိေသာ္ အစဥ္သနားေသာအားျဖင့္
သည္းခံခြင့္လႊတ္ေပးပါရန္ ဦးခိုက္ေလွ်ာက္ထားပါသည္ ဆရာေတာ္အရွင္သူျမတ္ဘုရား)
ဦးသိန္းေ၀။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမၼနဒီ)တြင္လည္း ဖတ္ရွဳႏိုင္ပါသည္။

Unicode :

ဗုဒ္ဓဘုရားရှင်တော်မြတ်ကြီး၏ တရားတွေဟာ ပိုလို့ဖြုတ်စရာ မလိုဘူး၊ လိုလို့ဖြည့်စရာလဲ မရှိဘူး၊ ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာ၊ ဘယ်လိုကန့်လန့်တိုက်တဲ့သူကမှ အပြစ်ပြောစရာမရှိဘူး။
မဟာနာမ်က နေ့လယ်နေ့ခင်း ဆိုရင် ဘုရားကျောင်းကိုသွား၊ ညနေဆိုရင်ပြန်နဲ ့ တနေ့တော့.. ဘုရားရှင်ကိုလျှောက်တယ် = ဘုန်းတော်ကြီး မြတ်စွာဘုရား တပည့်တော်တို့ ကပိလဝတ်ပြည်က စည်ပင်လိုက်တာဘုရား လူတွေလဲပြည့်ညှပ် တိရစ္ဆာန်တွေကလဲ ပြည့်ညှပ်နေတာ
ပဲဘုရား။ မြို့ကလဲစည်ကားလိုက်တာ ယာဉ်၊ ရထားတွေကလဲ အများကြီး မြင်းတွေရော ဆင်တွေရော၊ အိုး ...... လမ်းကြီးလမ်းငယ်၊ လမ်းသွယ်လမ်းမ၊ ပြည့်ညှပ်နေတာပဲ၊ သွားတာလာတာတောင် မနည်းကြည့်ရှောင်ပြီး သွားနေရပါတယ်။ ယာဉ်၊ ရထားကများ တိုက်သွားလို့က
တော့ သေမှာပါဘုရား၊ တပည့်တော် ဒီကပြန်တဲ့အချိန် လူပိုစည်တယ်ဘုရား၊ တပည့်တော်အဲဒီလို သွားနေတုန်း ရုတ်တရက်(Accident) ဖြစ်၊ တပည့်တော် သေရင်ဘုရား...တပည့်တော်
သေတာက ကောင်းသောသေခြင်း ဘယ်ဖြစ်မလဲဘုရား၊ ဆိုးသောသေခြင်း ဖြစ်မှာပေါ့။ သေပြီးရင် မဟုတ်တဲ့ဆီ၊ ရောက်သွားမှာပေါ့၊ အပါယ်လေးဘုံကို ရောက်သွားမှာပေါ့၊ တပည့်တော်
စိတ်ထဲ အဲဒီလို ဖြစ်နေပါတယ်ဘုရား။ *** ဆိုလိုတဲ့ သဘောက ခုခေတ်နဲ ့ပြောရင် ဒီလောက်
ရှုပ်နေတဲ့ အထဲမှာ မှတ်လို့ရမှာလား ဆိုရင် မရဘူး၊ ရှုလို့ရမှာလားဆိုတာ မအားဘူး။ ဒီအချိန်မှာ မတော်တဆ(Accident) ဖြစ်လို ့ သေသွားရင်.. တပည့်တော် ဘယ်လိုလုပ်ရမှာလဲ? ။
ဘုရားရှင်က..... အဲဒီ အကြောင်းကြောင့်တော့ မကြောက်ပါနဲ ့ကွယ်၊ အပါယ်ကျမှာ မကြောက်ပါနဲ ့ကွယ်။ (မှတ်တဲ့သတိ မရှိမှန်းသိတယ်၊ ရှုတဲ့သတိ မရှိမှန်းသိတယ်။) ဘာဖြစ်လို့လဲဆိုတော့ သင့်မှာဘုရား ကြည်ညိုတဲ့ စိတ် ရှိတယ်၊ တရားကြည်ညိုတဲ့ စိတ် ရှိတယ်၊ သံဃာ
ကြည်ညိုတဲ့ စိတ် ရှိတယ်။ ဘုရား၊ တရား၊ သံဃာကို ထဲထဲဝင်ဝင် ကြည်ညိုတဲ့ စိတ် ရှိတယ်။
သင့်မှာ သီလစင်ကြယ်တဲ့ စိတ်ဓါတ် ရှိတယ်။ သင်မမှတ်ပေမဲ့ သင့် "ဓါတ်"က ကောင်းတယ်၊
သင်မရှုပေမဲ့ သင့်"ဓါတ်" က ကောင်းတယ်၊ လူအုပ်ကြား ဆင်နင်းလို ့၊ ရထားတိုက်လို ့သေ
ရင်လဲ သင်အပါယ်မကျဘူး။ (မှတ်မှ အပါယ်မကျဘူး၊ ရှုမှ အပါယ်မကျဘူး ထင်နေကြတာ၊
မှတ်သာမှတ်တယ် ရှုသာရှတယ်"ဓါတ်" မလာရင် အပါယ်ကျတယ်။ တကယ့်သူတော်ကောင်း
'ဓါတ်' သာရှိနေရင် မမှတ်လဲ မကျဘူး၊ မရှုလဲ မကျဘူး။) မဟာဝဂ္ဂသံယုတ်၊ မဟာနာမသုတ္တန်
မှာ ဘုရားရှင် ဟောထားပါတယ်။
မှတ်ဖို့ ရှုဖို့ အဓိကမဟုတ်ဘူး၊ သူတော်ကောင်း 'ဓါတ်' ပေါ်အောင်ကြိုးစားပါ၊ ဘုရားရှင်
က မဟာနာမ်ကို မကြောက်နဲ့လို ့ပြောတာ၊ ဘုရား၊ တရား၊ သံဃာကို ကြည်ညိုပြီး သီလလဲရှိ
တယ်၊ အတွက်ကြောင့်တဲ့။ ဘာ.."စိတ်" လေးလံမှုများ မရှိဘူးဆိုရင်၊ အပါယ်မကျဘူးတဲ့။
ဘုရားပေးတဲ့ ဥပမာက = မဟာနာမ်ရယ်.. ဆီ ထည့်ထားတဲ့ အိုးတစ်လုံးကို ယူပြီးတော့
ရေထဲခွဲချလိုက်စမ်းပါ၊ သင်ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်ရမှာပါ၊ ဆီကရေပေါ် ပေါ်ပြီး အိုး
ခြမ်းကွဲတွေက အောက်ကျမြှုပ်ကုန်မှာတဲ့၊ သင့်ခန္ဓာကြီးက သေပြီးတော့ အိုးကွဲသလို ဖရိုဖရဲ
ပျက်စီးသွားတာ အဓိကမဟုတ်ဘူး။ သင့်စိတ်ဓါတ်က ပေါ့တဲ့အတွက်ကြောင့် ဆီပေါ်သလိုပေါ်
တာ၊ ရေအောက်မမြှုပ်ဘူးတဲ့။ အပါယ်လေးဘုံ မရောက်ဘူးတဲ့။ လူပြည်အလွှာက အောက်ကို
မရောက်ဘူးတဲ့။ အိုးခြမ်းကွဲမို့ မြှုပ်တာမဟုတ်ဘူး။ လေးလို့ မြှုပ်တာ။ ဆီမို့လို့ပေါ်တာမဟုတ်
ဘူး။ ပေါ့လို့ ပေါ်တာ။ " စိတ် " ကလေးဟာ ဘုရား၊ တရား၊ သံဃာကြည်ညို ကိုယ့်သီလစင်
ကြယ် ဘာ " စိတ်" လေးလံမှုများ မရှိဘူးဆိုရင် အပါယ်မကျဘူးတဲ့။
မိမိနဲ့ ဓမ္မမိတ်ဆွေ အပေါင်းတို့လည်းဘုရား၊ တရား၊ သံဃာကြည်ညိုပြီး သီလစင်ကြယ်
ကာ မြင့်မြတ်တဲ့ ဓမ္မကိုအဖေါ်ပြုရင်း နိဗ္ဗာန်ဆီသို့ တက်လှမ်းနိုင်ကြပါစေ။။
{၁၃၇၂-ခု ဒုတိယဝါဆိုလဆန်း ၁၄ ရက်၊တနင်္ဂနွေနေ ့ မှော်ဘီမြို ့ တရားစခန်း၌ ဓမ္မဒူတ
အရှင်ဆေကိန္ဒ ဟောကြားတော်မူသော" အာရုဏ်တက်မှ နေထွက်ပါတယ် "တရားတော်
(အသံ) မှ ကောက်နုတ် ရေးသားပူဇော်ပါသည်။ ။
(တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်
သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment