Monday, July 11, 2016

ဖန္ဆင္း႐ွင္မွာ မိမိသာ (ဖန်ဆင်းရှင်မှာ မိမိသာ)

Zawgyi :

ဖန္ဆင္း႐ွင္မွာ မိမိသာ
============
ျမတ္စြာဘုရားသည္ သာဝတၳိျပည္၊ ေဇတဝန္ေက်ာင္း၌ သီတင္းသုံး
ေနေတာ္မူ၏။ ထိုအခါ ေတာေဒယ် ပုဏၰား၏သား သုဘလုလင္သည္ သင့္ေလ်ာ္ရာ၌ထိုင္ကာ ျမတ္စြာဘုရားအား ဤသို႔ေလွ်ာက္ ထား၏။

သုဘ
အ႐ွင္ဘုရား၊ လူအခ်င္းခ်င္းျဖစ္ၾကပါလ်က္_
(၁) အသက္တိုျခင္း၊ အသက္႐ွည္ျခင္း၊
(၂) အနာေရာဂါမ်ားျခင္း၊ အနာေရာဂါကင္းျခင္း၊
(၃) အ႐ုပ္ဆိုးျခင္း၊ အဆင္းလွျခင္း၊
(၄) အျခံအရံမ႐ွိျခင္း၊ အျခံအရံမ်ားျခင္း၊
(၅) စည္းစိမ္ဥစၥာ႐ွားပါးျခင္း၊ စည္းစိမ္ဥစၥာေပါမ်ားျခင္း၊
(၆) အမ်ဳိးယုတ္ျခင္း၊ အမ်ဳိးျမတ္ျခင္း၊
(၇) ပညာမဲ့ျခင္း၊ ပညာ႐ွိျခင္း ဟူ၍လူမႈအဆင့္အနိ္မ့္အျမင့္တို႔ကုိ ေတြ႔ျမင္ရပါသည္။ ထိုအေၾကာင္း ရင္းမ်ားကား အဘယ္ပါနည္း ဘုရား။
ဘုရား
လုလင္၊ ေကာင္းစြာ ႏွလုံးသြင္း၍ နာယူပါ။ သတၱဝါတုိ႔သည္ ကံသာလွ်င္ မွီခိုရာအေၾကာင္းရင္း ႐ိွ၏။ ထိုကံသည္ သတၱဝါ တို႔ကို အနိမ့္-အျမင့္ ကြဲျပားျခားနားေစ၏။
သုဘ
ျမတ္စြာဘုရား၊ ဤတရားသည္ အက်ဉ္းျဖစ္၍ တပည့္ေတာ္ မသိပါ ဘုရား။ အနက္သေဘာ အက်ယ္ကို ေဟာၾကားေတာ္ မူပါဘုရား။
ဘုရား
(၁) သူတစ္ပါးကို မသနားဘဲ သတ္ျဖတ္မႈ အက်င့္ေၾကာင့္ အသက္တိုရ၏။ မသတ္ဘဲ ေ႐ွာင္ၾကဉ္ မႈေၾကာင့္ အသက္ ႐ွည္ရ၏။
(၂) သူတစ္ပါးကို ညွဉ္းဆဲမႈ အက်င့္ေၾကာင့္ ေရာဂါမ်ားရ၏။ မညွဉ္းဆဲမႈေၾကာင့္ ေရာဂါနည္းပါး ရ၏။
(၃) သူတစ္ပါးကို အမ်က္ထြက္မႈ အက်င့္ေၾကာင့္ အဆင္းမလွ ႐ုပ္ဆိုးရ၏။ ေမတၱာထားမႈေၾကာင့္ အဆင္းလွပတင့္တယ္ရ၏။
(၄) သူတစ္ပါးကို ျငဴစူမနာလိုမႈ အက်င့္ေၾကာင့္ အၿခံအရံမ႐ွိ
ျဖစ္ရ၏။ ျငဴစူမနာလိုကင္းမႈေၾကာင့္ အၿခံအရံမ်ားျပားရ၏။
(၅)သမဏ ျဗာဟၼဏတို႔အား မေပးလႉမႈ အက်င့္ေၾကာင့္ စည္းစိမ္ဥစၥာ႐ွားပါးရ၏။ ေပးကမ္းလႉဒါန္းမႈေၾကာင့္စည္းစိမ္ဥစၥာ
ေပါမ်ားရ၏။
(၆) မာနႀကီး၍ ခက္ထန္ၿပီး မ႐ုိေသမႈ အက်င့္ေၾကာင့္ အမ်ဳိး ယုတ္ညံ့ရ၏။ ႐ုိေသႏွိမ့္ခ် မာနမေထာင္လႊားမႈ ေၾကာင့္အမ်ဳိး
ျမင့္ျမတ္ရ၏။
(၇) သမဏ ျဗာဟၼဏတို႔ကို ခ်ဉ္းကပ္ၿပီး အဖန္ဖန္မေမးျမန္းမႈ အက်င့္ေၾကာင့္ ပညာမဲ့ျဖစ္ရ၏။ အဖန္ဖန္ ေမးျမန္းမႈေၾကာင့္ ပညာ႐ွိျဖစ္ရ၏။
သုဘ
အ႐ွင္ဘုရား၊ တရားေတာ္သည္ အလြန္ႏွစ္သက္ဖြယ္ ျဖစ္ပါ
သည္။ လမ္းမွားသူအား လမ္းမွန္ကုိ ေျပာၾကားဘိသုိ႔ ႐ိွပါ၏။ တပည့္ေတာ္ သည္ ဘုရား၊ တရား၊ သံဃာ ရတနာျမတ္သုံးပါး ကို ကိုးကြယ္ရာ ဟူ၍ ဆည္းကပ္ပါ၏။ တပည့္ေတာ္အား ယေန႔မွစ၍ ဥပါသကာဟု မွတ္ေတာ္မူပါ ဘုရား။
ဘုရား
ဤသို႔ လူမႈအဆင့္ အနိမ့္-အျမင့္ ကြဲျပားျခားနား ေနရျခင္း
သည္ နတ္ ျဗဟၼာတို႔ ဖန္ဆင္း၍မဟုတ္၊ ဖန္ဆင္း႐ွင္မွာ မိမိျပဳလုပ္ေသာ ကံေကာင္း ကံဆိုး ႏွစ္ပါးေၾကာင့္ပင္တည္း။

သာဓု သာဓု သာဓု

က်မ္းကုိး။ ။စူဠကမၼဝိဘဂၤသုတ္၊ ဝိဘဂၤဝဂ္၊ ဥပရိပဏၰာသပါဠိေတာ္၊ မဇၩိမနိကာယ္။

Unicdoe :

ဖန်ဆင်းရှင်မှာ မိမိသာ
============
မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း၌ သီတင်းသုံး
နေတော်မူ၏။ ထိုအခါ တောဒေယျ ပုဏ္ဏား၏သား သုဘလုလင်သည် သင့်လျော်ရာ၌ထိုင်ကာ မြတ်စွာဘုရားအား ဤသို့လျှောက် ထား၏။

သုဘ
အရှင်ဘုရား၊ လူအချင်းချင်းဖြစ်ကြပါလျက်_
(၁) အသက်တိုခြင်း၊ အသက်ရှည်ခြင်း၊
(၂) အနာရောဂါများခြင်း၊ အနာရောဂါကင်းခြင်း၊
(၃) အရုပ်ဆိုးခြင်း၊ အဆင်းလှခြင်း၊
(၄) အခြံအရံမရှိခြင်း၊ အခြံအရံများခြင်း၊
(၅) စည်းစိမ်ဥစ္စာရှားပါးခြင်း၊ စည်းစိမ်ဥစ္စာပေါများခြင်း၊
(၆) အမျိုးယုတ်ခြင်း၊ အမျိုးမြတ်ခြင်း၊
(၇) ပညာမဲ့ခြင်း၊ ပညာရှိခြင်း ဟူ၍လူမှုအဆင့်အနိ်မ့်အမြင့်တို့ကို တွေ့မြင်ရပါသည်။ ထိုအကြောင်း ရင်းများကား အဘယ်ပါနည်း ဘုရား။
ဘုရား
လုလင်၊ ကောင်းစွာ နှလုံးသွင်း၍ နာယူပါ။ သတ္တဝါတို့သည် ကံသာလျှင် မှီခိုရာအကြောင်းရင်း ရှိ၏။ ထိုကံသည် သတ္တဝါ တို့ကို အနိမ့်-အမြင့် ကွဲပြားခြားနားစေ၏။
သုဘ
မြတ်စွာဘုရား၊ ဤတရားသည် အကျဉ်းဖြစ်၍ တပည့်တော် မသိပါ ဘုရား။ အနက်သဘော အကျယ်ကို ဟောကြားတော် မူပါဘုရား။
ဘုရား
(၁) သူတစ်ပါးကို မသနားဘဲ သတ်ဖြတ်မှု အကျင့်ကြောင့် အသက်တိုရ၏။ မသတ်ဘဲ ရှောင်ကြဉ် မှုကြောင့် အသက် ရှည်ရ၏။
(၂) သူတစ်ပါးကို ညှဉ်းဆဲမှု အကျင့်ကြောင့် ရောဂါများရ၏။ မညှဉ်းဆဲမှုကြောင့် ရောဂါနည်းပါး ရ၏။
(၃) သူတစ်ပါးကို အမျက်ထွက်မှု အကျင့်ကြောင့် အဆင်းမလှ ရုပ်ဆိုးရ၏။ မေတ္တာထားမှုကြောင့် အဆင်းလှပတင့်တယ်ရ၏။
(၄) သူတစ်ပါးကို ငြူစူမနာလိုမှု အကျင့်ကြောင့် အခြံအရံမရှိ
ဖြစ်ရ၏။ ငြူစူမနာလိုကင်းမှုကြောင့် အခြံအရံများပြားရ၏။
(၅)သမဏ ဗြာဟ္မဏတို့အား မပေးလှူမှု အကျင့်ကြောင့် စည်းစိမ်ဥစ္စာရှားပါးရ၏။ ပေးကမ်းလှူဒါန်းမှုကြောင့်စည်းစိမ်ဥစ္စာ
ပေါများရ၏။
(၆) မာနကြီး၍ ခက်ထန်ပြီး မရိုသေမှု အကျင့်ကြောင့် အမျိုး ယုတ်ညံ့ရ၏။ ရိုသေနှိမ့်ချ မာနမထောင်လွှားမှု ကြောင့်အမျိုး
မြင့်မြတ်ရ၏။
(၇) သမဏ ဗြာဟ္မဏတို့ကို ချဉ်းကပ်ပြီး အဖန်ဖန်မမေးမြန်းမှု အကျင့်ကြောင့် ပညာမဲ့ဖြစ်ရ၏။ အဖန်ဖန် မေးမြန်းမှုကြောင့် ပညာရှိဖြစ်ရ၏။
သုဘ
အရှင်ဘုရား၊ တရားတော်သည် အလွန်နှစ်သက်ဖွယ် ဖြစ်ပါ
သည်။ လမ်းမှားသူအား လမ်းမှန်ကို ပြောကြားဘိသို့ ရှိပါ၏။ တပည့်တော် သည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါး ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏။ တပည့်တော်အား ယနေ့မှစ၍ ဥပါသကာဟု မှတ်တော်မူပါ ဘုရား။
ဘုရား
ဤသို့ လူမှုအဆင့် အနိမ့်-အမြင့် ကွဲပြားခြားနား နေရခြင်း
သည် နတ် ဗြဟ္မာတို့ ဖန်ဆင်း၍မဟုတ်၊ ဖန်ဆင်းရှင်မှာ မိမိပြုလုပ်သော ကံကောင်း ကံဆိုး နှစ်ပါးကြောင့်ပင်တည်း။

သာဓု သာဓု သာဓု

ကျမ်းကိုး။ ။စူဠကမ္မဝိဘင်္ဂသုတ်၊ ဝိဘင်္ဂဝဂ်၊ ဥပရိပဏ္ဏာသပါဠိတော်၊ မဇ္ဈိမနိကာယ်။

Friday, July 8, 2016

အကယ္၍ ဒီအခ်ိန္မွာမေတာ္တဆ(Accident) ျဖင့္ ကြယ္လြန္သြားေသာ္ (အကယ်၍ ဒီအချိန်မှာမတော်တဆ(Accident) ဖြင့် ကွယ်လွန်သွားသော်)

Zawgyi :

အကယ္၍ ဒီအခ်ိန္မွာမေတာ္တဆ(Accident) ျဖင့္ ကြယ္လြန္သြားေသာ္။
================================================
ဗုဒၶဘုရားရွင္ေတာ္ျမတ္ႀကီး၏ တရားေတြဟာ ပိုလို႔ျဖဳတ္စရာ မလိုဘူး၊ လိုလို႔ျဖည့္စရာလဲ မရွိဘူး၊ ဘယ္လူ၊ ဘယ္နတ္၊ ဘယ္ျဗဟၼာ၊ ဘယ္လိုကန္႔လန္႔တိုက္တဲ့သူကမွ အျပစ္ေျပာစရာမရွိဘူး။
မဟာနာမ္က ေန႔လယ္ေန႔ခင္း ဆိုရင္ ဘုရားေက်ာင္းကိုသြား၊ ညေနဆိုရင္ျပန္နဲ ့ တေန႔ေတာ့.. ဘုရားရွင္ကိုေလွ်ာက္တယ္ = ဘုန္းေတာ္ႀကီး ျမတ္စြာဘုရား တပည့္ေတာ္တို႔ ကပိလ၀တ္ျပည္က စည္ပင္လိုက္တာဘုရား လူေတြလဲျပည့္ညွပ္ တိရစၦာန္ေတြကလဲ ျပည့္ညွပ္ေနတာ
ပဲဘုရား။ ၿမိဳ႕ကလဲစည္ကားလိုက္တာ ယာဥ္၊ ရထားေတြကလဲ အမ်ားႀကီး ျမင္းေတြေရာ ဆင္ေတြေရာ၊ အိုး ...... လမ္းႀကီးလမ္းငယ္၊ လမ္းသြယ္လမ္းမ၊ ျပည့္ညွပ္ေနတာပဲ၊ သြားတာလာတာေတာင္ မနည္းၾကည့္ေရွာင္ၿပီး သြားေနရပါတယ္။ ယာဥ္၊ ရထားကမ်ား တိုက္သြားလို႔က
ေတာ့ ေသမွာပါဘုရား၊ တပည့္ေတာ္ ဒီကျပန္တဲ့အခ်ိန္ လူပိုစည္တယ္ဘုရား၊ တပည့္ေတာ္အဲဒီလို သြားေနတုန္း ရုတ္တရက္(Accident) ျဖစ္၊ တပည့္ေတာ္ ေသရင္ဘုရား...တပည့္ေတာ္
ေသတာက ေကာင္းေသာေသျခင္း ဘယ္ျဖစ္မလဲဘုရား၊ ဆိုးေသာေသျခင္း ျဖစ္မွာေပါ့။ ေသျပီးရင္ မဟုတ္တဲ့ဆီ၊ ေရာက္သြားမွာေပါ့၊ အပါယ္ေလးဘံုကို ေရာက္သြားမွာေပါ့၊ တပည့္ေတာ္
စိတ္ထဲ အဲဒီလို ျဖစ္ေနပါတယ္ဘုရား။ *** ဆိုလိုတဲ့ သေဘာက ခုေခတ္နဲ ့ေျပာရင္ ဒီေလာက္
ရွဳပ္ေနတဲ့ အထဲမွာ မွတ္လို႔ရမွာလား ဆိုရင္ မရဘူး၊ ရွဳလို႔ရမွာလားဆိုတာ မအားဘူး။ ဒီအခ်ိန္မွာ မေတာ္တဆ(Accident) ျဖစ္လို ့ ေသသြားရင္.. တပည့္ေတာ္ ဘယ္လိုလုပ္ရမွာလဲ? ။
ဘုရားရွင္က..... အဲဒီ အေၾကာင္းေၾကာင့္ေတာ့ မေၾကာက္ပါနဲ ့ကြယ္၊ အပါယ္က်မွာ မေၾကာက္ပါနဲ ့ကြယ္။ (မွတ္တဲ့သတိ မရွိမွန္းသိတယ္၊ ရွဳတဲ့သတိ မရွိမွန္းသိတယ္။) ဘာျဖစ္လို႔လဲဆိုေတာ့ သင့္မွာဘုရား ၾကည္ညိဳတဲ့ စိတ္ ရွိတယ္၊ တရားၾကည္ညိဳတဲ့ စိတ္ ရွိတယ္၊ သံဃာ
ၾကည္ညိဳတဲ့ စိတ္ ရွိတယ္။ ဘုရား၊ တရား၊ သံဃာကို ထဲထဲ၀င္၀င္ ၾကည္ညိဳတဲ့ စိတ္ ရွိတယ္။
သင့္မွာ သီလစင္ၾကယ္တဲ့ စိတ္ဓါတ္ ရွိတယ္။ သင္မမွတ္ေပမဲ့ သင့္ "ဓါတ္"က ေကာင္းတယ္၊
သင္မရွဳေပမဲ့ သင့္"ဓါတ္" က ေကာင္းတယ္၊ လူအုပ္ၾကား ဆင္နင္းလို ့၊ ရထားတိုက္လို ့ေသ
ရင္လဲ သင္အပါယ္မက်ဘူး။ (မွတ္မွ အပါယ္မက်ဘူး၊ ရွဳမွ အပါယ္မက်ဘူး ထင္ေနၾကတာ၊
မွတ္သာမွတ္တယ္ ရွဳသာရွတယ္"ဓါတ္" မလာရင္ အပါယ္က်တယ္။ တကယ့္သူေတာ္ေကာင္း
'ဓါတ္' သာရွိေနရင္ မမွတ္လဲ မက်ဘူး၊ မရွဳလဲ မက်ဘူး။) မဟာ၀ဂၢသံယုတ္၊ မဟာနာမသုတၱန္
မွာ ဘုရားရွင္ ေဟာထားပါတယ္။
မွတ္ဖို႔ ရွဳဖို႔ အဓိကမဟုတ္ဘူး၊ သူေတာ္ေကာင္း 'ဓါတ္' ေပၚေအာင္ႀကိဳးစားပါ၊ ဘုရားရွင္
က မဟာနာမ္ကို မေၾကာက္နဲ႔လို ့ေျပာတာ၊ ဘုရား၊ တရား၊ သံဃာကို ၾကည္ညိဳၿပီး သီလလဲရွိ
တယ္၊ အတြက္ေၾကာင့္တဲ့။ ဘာ.."စိတ္" ေလးလံမွဳမ်ား မရွိဘူးဆိုရင္၊ အပါယ္မက်ဘူးတဲ့။
ဘုရားေပးတဲ့ ဥပမာက = မဟာနာမ္ရယ္.. ဆီ ထည့္ထားတဲ့ အိုးတစ္လံုးကို ယူၿပီးေတာ့
ေရထဲခြဲခ်လိုက္စမ္းပါ၊ သင္ကိုယ္တိုင္ မ်က္၀ါးထင္ထင္ ျမင္ရမွာပါ၊ ဆီကေရေပၚ ေပၚၿပီး အိုး
ျခမ္းကြဲေတြက ေအာက္က်ျမွဳပ္ကုန္မွာတဲ့၊ သင့္ခႏၶာႀကီးက ေသၿပီးေတာ့ အိုးကြဲသလို ဖရိုဖရဲ
ပ်က္စီးသြားတာ အဓိကမဟုတ္ဘူး။ သင့္စိတ္ဓါတ္က ေပါ့တဲ့အတြက္ေၾကာင့္ ဆီေပၚသလိုေပၚ
တာ၊ ေရေအာက္မျမွဳပ္ဘူးတဲ့။ အပါယ္ေလးဘံု မေရာက္ဘူးတဲ့။ လူျပည္အလႊာက ေအာက္ကို
မေရာက္ဘူးတဲ့။ အိုးျခမ္းကြဲမို႔ ျမွဳပ္တာမဟုတ္ဘူး။ ေလးလို႔ ျမွဳပ္တာ။ ဆီမို႔လို႔ေပၚတာမဟုတ္
ဘူး။ ေပါ့လို႔ ေပၚတာ။ " စိတ္ " ကေလးဟာ ဘုရား၊ တရား၊ သံဃာၾကည္ညိဳ ကိုယ့္သီလစင္
ၾကယ္ ဘာ " စိတ္" ေလးလံမွဳမ်ား မရွိဘူးဆိုရင္ အပါယ္မက်ဘူးတဲ့။
မိမိနဲ႔ ဓမၼမိတ္ေဆြ အေပါင္းတို႔လည္းဘုရား၊ တရား၊ သံဃာၾကည္ညိဳၿပီး သီလစင္ၾကယ္
ကာ ျမင့္ျမတ္တဲ့ ဓမၼကိုအေဖၚျပဳရင္း နိဗၺာန္ဆီသို႔ တက္လွမ္းႏိုင္ၾကပါေစ။။
{၁၃၇၂-ခု ဒုတိယ၀ါဆိုလဆန္း ၁၄ ရက္၊တနဂၤေႏြေန ့ ေမွာ္ဘီၿမိဳ ့ တရားစခန္း၌ ဓမၼဒူတ
အရွင္ေဆကိႏၵ ေဟာၾကားေတာ္မူေသာ" အာရုဏ္တက္မွ ေနထြက္ပါတယ္ "တရားေတာ္
(အသံ) မွ ေကာက္ႏုတ္ ေရးသားပူေဇာ္ပါသည္။ ။
(တရားေတာ္ကို အသံမွနာယူေရးသားပါသည္၊ မွားယြင္းမွဳမ်ားရွိေသာ္ အစဥ္သနားေသာအားျဖင့္
သည္းခံခြင့္လႊတ္ေပးပါရန္ ဦးခိုက္ေလွ်ာက္ထားပါသည္ ဆရာေတာ္အရွင္သူျမတ္ဘုရား)
ဦးသိန္းေ၀။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမၼနဒီ)တြင္လည္း ဖတ္ရွဳႏိုင္ပါသည္။

Unicode :

ဗုဒ္ဓဘုရားရှင်တော်မြတ်ကြီး၏ တရားတွေဟာ ပိုလို့ဖြုတ်စရာ မလိုဘူး၊ လိုလို့ဖြည့်စရာလဲ မရှိဘူး၊ ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာ၊ ဘယ်လိုကန့်လန့်တိုက်တဲ့သူကမှ အပြစ်ပြောစရာမရှိဘူး။
မဟာနာမ်က နေ့လယ်နေ့ခင်း ဆိုရင် ဘုရားကျောင်းကိုသွား၊ ညနေဆိုရင်ပြန်နဲ ့ တနေ့တော့.. ဘုရားရှင်ကိုလျှောက်တယ် = ဘုန်းတော်ကြီး မြတ်စွာဘုရား တပည့်တော်တို့ ကပိလဝတ်ပြည်က စည်ပင်လိုက်တာဘုရား လူတွေလဲပြည့်ညှပ် တိရစ္ဆာန်တွေကလဲ ပြည့်ညှပ်နေတာ
ပဲဘုရား။ မြို့ကလဲစည်ကားလိုက်တာ ယာဉ်၊ ရထားတွေကလဲ အများကြီး မြင်းတွေရော ဆင်တွေရော၊ အိုး ...... လမ်းကြီးလမ်းငယ်၊ လမ်းသွယ်လမ်းမ၊ ပြည့်ညှပ်နေတာပဲ၊ သွားတာလာတာတောင် မနည်းကြည့်ရှောင်ပြီး သွားနေရပါတယ်။ ယာဉ်၊ ရထားကများ တိုက်သွားလို့က
တော့ သေမှာပါဘုရား၊ တပည့်တော် ဒီကပြန်တဲ့အချိန် လူပိုစည်တယ်ဘုရား၊ တပည့်တော်အဲဒီလို သွားနေတုန်း ရုတ်တရက်(Accident) ဖြစ်၊ တပည့်တော် သေရင်ဘုရား...တပည့်တော်
သေတာက ကောင်းသောသေခြင်း ဘယ်ဖြစ်မလဲဘုရား၊ ဆိုးသောသေခြင်း ဖြစ်မှာပေါ့။ သေပြီးရင် မဟုတ်တဲ့ဆီ၊ ရောက်သွားမှာပေါ့၊ အပါယ်လေးဘုံကို ရောက်သွားမှာပေါ့၊ တပည့်တော်
စိတ်ထဲ အဲဒီလို ဖြစ်နေပါတယ်ဘုရား။ *** ဆိုလိုတဲ့ သဘောက ခုခေတ်နဲ ့ပြောရင် ဒီလောက်
ရှုပ်နေတဲ့ အထဲမှာ မှတ်လို့ရမှာလား ဆိုရင် မရဘူး၊ ရှုလို့ရမှာလားဆိုတာ မအားဘူး။ ဒီအချိန်မှာ မတော်တဆ(Accident) ဖြစ်လို ့ သေသွားရင်.. တပည့်တော် ဘယ်လိုလုပ်ရမှာလဲ? ။
ဘုရားရှင်က..... အဲဒီ အကြောင်းကြောင့်တော့ မကြောက်ပါနဲ ့ကွယ်၊ အပါယ်ကျမှာ မကြောက်ပါနဲ ့ကွယ်။ (မှတ်တဲ့သတိ မရှိမှန်းသိတယ်၊ ရှုတဲ့သတိ မရှိမှန်းသိတယ်။) ဘာဖြစ်လို့လဲဆိုတော့ သင့်မှာဘုရား ကြည်ညိုတဲ့ စိတ် ရှိတယ်၊ တရားကြည်ညိုတဲ့ စိတ် ရှိတယ်၊ သံဃာ
ကြည်ညိုတဲ့ စိတ် ရှိတယ်။ ဘုရား၊ တရား၊ သံဃာကို ထဲထဲဝင်ဝင် ကြည်ညိုတဲ့ စိတ် ရှိတယ်။
သင့်မှာ သီလစင်ကြယ်တဲ့ စိတ်ဓါတ် ရှိတယ်။ သင်မမှတ်ပေမဲ့ သင့် "ဓါတ်"က ကောင်းတယ်၊
သင်မရှုပေမဲ့ သင့်"ဓါတ်" က ကောင်းတယ်၊ လူအုပ်ကြား ဆင်နင်းလို ့၊ ရထားတိုက်လို ့သေ
ရင်လဲ သင်အပါယ်မကျဘူး။ (မှတ်မှ အပါယ်မကျဘူး၊ ရှုမှ အပါယ်မကျဘူး ထင်နေကြတာ၊
မှတ်သာမှတ်တယ် ရှုသာရှတယ်"ဓါတ်" မလာရင် အပါယ်ကျတယ်။ တကယ့်သူတော်ကောင်း
'ဓါတ်' သာရှိနေရင် မမှတ်လဲ မကျဘူး၊ မရှုလဲ မကျဘူး။) မဟာဝဂ္ဂသံယုတ်၊ မဟာနာမသုတ္တန်
မှာ ဘုရားရှင် ဟောထားပါတယ်။
မှတ်ဖို့ ရှုဖို့ အဓိကမဟုတ်ဘူး၊ သူတော်ကောင်း 'ဓါတ်' ပေါ်အောင်ကြိုးစားပါ၊ ဘုရားရှင်
က မဟာနာမ်ကို မကြောက်နဲ့လို ့ပြောတာ၊ ဘုရား၊ တရား၊ သံဃာကို ကြည်ညိုပြီး သီလလဲရှိ
တယ်၊ အတွက်ကြောင့်တဲ့။ ဘာ.."စိတ်" လေးလံမှုများ မရှိဘူးဆိုရင်၊ အပါယ်မကျဘူးတဲ့။
ဘုရားပေးတဲ့ ဥပမာက = မဟာနာမ်ရယ်.. ဆီ ထည့်ထားတဲ့ အိုးတစ်လုံးကို ယူပြီးတော့
ရေထဲခွဲချလိုက်စမ်းပါ၊ သင်ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်ရမှာပါ၊ ဆီကရေပေါ် ပေါ်ပြီး အိုး
ခြမ်းကွဲတွေက အောက်ကျမြှုပ်ကုန်မှာတဲ့၊ သင့်ခန္ဓာကြီးက သေပြီးတော့ အိုးကွဲသလို ဖရိုဖရဲ
ပျက်စီးသွားတာ အဓိကမဟုတ်ဘူး။ သင့်စိတ်ဓါတ်က ပေါ့တဲ့အတွက်ကြောင့် ဆီပေါ်သလိုပေါ်
တာ၊ ရေအောက်မမြှုပ်ဘူးတဲ့။ အပါယ်လေးဘုံ မရောက်ဘူးတဲ့။ လူပြည်အလွှာက အောက်ကို
မရောက်ဘူးတဲ့။ အိုးခြမ်းကွဲမို့ မြှုပ်တာမဟုတ်ဘူး။ လေးလို့ မြှုပ်တာ။ ဆီမို့လို့ပေါ်တာမဟုတ်
ဘူး။ ပေါ့လို့ ပေါ်တာ။ " စိတ် " ကလေးဟာ ဘုရား၊ တရား၊ သံဃာကြည်ညို ကိုယ့်သီလစင်
ကြယ် ဘာ " စိတ်" လေးလံမှုများ မရှိဘူးဆိုရင် အပါယ်မကျဘူးတဲ့။
မိမိနဲ့ ဓမ္မမိတ်ဆွေ အပေါင်းတို့လည်းဘုရား၊ တရား၊ သံဃာကြည်ညိုပြီး သီလစင်ကြယ်
ကာ မြင့်မြတ်တဲ့ ဓမ္မကိုအဖေါ်ပြုရင်း နိဗ္ဗာန်ဆီသို့ တက်လှမ်းနိုင်ကြပါစေ။။
{၁၃၇၂-ခု ဒုတိယဝါဆိုလဆန်း ၁၄ ရက်၊တနင်္ဂနွေနေ ့ မှော်ဘီမြို ့ တရားစခန်း၌ ဓမ္မဒူတ
အရှင်ဆေကိန္ဒ ဟောကြားတော်မူသော" အာရုဏ်တက်မှ နေထွက်ပါတယ် "တရားတော်
(အသံ) မှ ကောက်နုတ် ရေးသားပူဇော်ပါသည်။ ။
(တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်
သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

သမၼာဒိ႒ိျဖစ္ျခင္း တရား(၁၀)ပါး (သမ္မာဒိဋ္ဌိဖြစ်ခြင်း တရား(၁၀)ပါး)

 ZawGyi :

၁။အတၳိ ဒိႏၷံ = ေပးလွဴျခင္း၏ အက်ိဳးသည္ အမွန္ရွိ၏။
၂။အတၳိ ယိ႒ံ = အလွဴၾကီးေပးလွဴရျခင္း၏ အက်ိဳးသည္ အမွန္ရွိ၏။
၃။အတၳိ ဟုတံ = အလွဴငယ္ေပးလွဴရျခင္း၏ အက်ိဳးသည္ အမွန္ရွိ၏။
၄။အတၳိ သုကတဒုကၠဋာနံ ကမၼာနံ ဖလံ ဝိပါေကာ = ကုသိုလ္ကံ အကုသိုလ္ကံ တို႔၏ အက်ိဳးဆက္(ဖလ) ၊ အက်ိဳးရင္း (ဝိပါက)သည္ အမွန္ရွိ၏။
၅။အတၳိ အယံေလာေကာ = ဤေလာကသည္ အမွန္ရွိ၏။
၆။အတၳိ ပေရာေလာေကာ = တမလြန္ေလာကသည္ အမွန္ရွိ၏။
၇။အတၳိ မာတာ = အမိကို ေကာင္းစြာျပဳစုျခင္း ေကာင္းမြန္စြာ မျပဳစုျခင္း၏ အက်ိဳးသည္ အမွန္ရွိ၏။
၈။အတၳိ ပိတာ = အဖကို ေကာင္းစြာျပဳစုျခင္း ေကာင္းမြန္စြာ မျပဳစုျခင္း၏ အက်ိဳးသည္ အမွန္ရွိ၏။
၉။အတၳိ သတၱာ ၾသပပါတိကာ = ေသ၍ တစ္ဖန္ျဖစ္ရျပန္ေသာ သတၱဝါတို႔သည္ အမွန္ရွိ၏။
၁၀။အတၳိ ေလာေက သမဏျဗဟၼဏာ သမၼဂၢတာ သမၼာပဋိပႏၷာ = ဤေလာကကိုလည္းေကာင္း ၊ တမလြန္ေလာကကိုလည္းေကာင္း ကုိယ္တိုင္ထူးေသာ ဥာဏ္ျဖင့္ သိ၍ မ်က္ေမွာက္ျပဳကာ ေဟာၾကားႏိုင္ေသာ ေကာင္းေသာ အက်င့္ရွိေသာ သမဏျဗဟၼဏတို႕သည္ ေလာက၌ အမွန္ရွိ၏။
ဤ(၁၀)ပါးကို လက္ခံယံုၾကည္မွဳႏွင့္ ျပည့္စံုလ်ွင္ သမၼာဒိ႒ိ အယူမွန္၏။ ထိုအျမင္ျဖင့္ ကုသိုလ္ျပဳမွ ဘဝသမၸတၱိ ၊ ေဘာဂသမၸတၱိ ႏွင့္ ျပည့္စံု၍ နိဗၺာန္အထိ ေရာက္ႏိုင္သည္။ အယူမွားလ်ွင္ ဘုရားခ်ြတ္၍ မက်ြတ္ေသာ သံသာရခါဏုက = သံသရာသစ္ငုတ္ၾကီး ျဖစ္ကာ အယူလြဲမွားေသာ နိယတမိစၧာဒိ႒ိကို ယူသည့္ တိတၳိၾကီးမ်ား ျဖစ္ႏိုင္၏။ သို႔ျဖစ္၍ အယူေျဖာင့္မွန္သူ ျဖစ္ျခင္းသည္ ပဓာနအဓိက ျဖစ္သည္။
ဆုထူးပန္ ဆရာဟန္ (B.A.,Dip.Ed) ၏
သံသရာ လမ္းညႊန္ ပညာ
ဆုထူးပန္ အဘိဓမၼာ
(ဒုတိယဆင့္)
ဝီထိမုတ္ပိုင္း (ဘံုပိုင္း) မွ
ေကာက္ႏုတ္ေဖာ္ျပကာ ဓမၼဒါန ျပဳအပ္ပါသည္။
မွန္ကန္ေသာ ဓမၼအသိတို႔ျဖင့္ အက်ိဳးရွိရွိ ေနႏိုင္ၾကပါေစ ကုန္သတည္း။

Unicode :

 ၁။အတ္ထိ ဒိန္နံ = ပေးလှူခြင်း၏ အကျိုးသည် အမှန်ရှိ၏။

၂။အတ္ထိ ယိဋ္ဌံ = အလှူကြီးပေးလှူရခြင်း၏ အကျိုးသည် အမှန်ရှိ၏။

၃။အတ္ထိ ဟုတံ = အလှူငယ်ပေးလှူရခြင်း၏ အကျိုးသည် အမှန်ရှိ၏။

၄။အတ္ထိ သုကတဒုက္ကဋာနံ ကမ္မာနံ ဖလံ ဝိပါကော = ကုသိုလ်ကံ အကုသိုလ်ကံ တို့၏ အကျိုးဆက်(ဖလ) ၊ အကျိုးရင်း (ဝိပါက)သည် အမှန်ရှိ၏။

၅။အတ္ထိ အယံလောကော = ဤလောကသည် အမှန်ရှိ၏။

၆။အတ္ထိ ပရောလောကော = တမလွန်လောကသည် အမှန်ရှိ၏။

၇။အတ္ထိ မာတာ = အမိကို ကောင်းစွာပြုစုခြင်း ကောင်းမွန်စွာ မပြုစုခြင်း၏ အကျိုးသည် အမှန်ရှိ၏။

၈။အတ္ထိ ပိတာ = အဖကို ကောင်းစွာပြုစုခြင်း ကောင်းမွန်စွာ မပြုစုခြင်း၏ အကျိုးသည် အမှန်ရှိ၏။

၉။အတ္ထိ သတ္တာ သြပပါတိကာ = သေ၍ တစ်ဖန်ဖြစ်ရပြန်သော သတ္တဝါတို့သည် အမှန်ရှိ၏။

၁၀။အတ္ထိ လောကေ သမဏဗြဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ = ဤလောကကိုလည်းကောင်း ၊ တမလွန်လောကကိုလည်းကောင်း ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့် သိ၍ မျက်မှောက်ပြုကာ ဟောကြားနိုင်သော ကောင်းသော အကျင့်ရှိသော သမဏဗြဟ္မဏတို့သည် လောက၌ အမှန်ရှိ၏။

ဤ(၁၀)ပါးကို လက်ခံယုံကြည်မှုနှင့် ပြည့်စုံလျှင် သမ္မာဒိဋ္ဌိ အယူမှန်၏။ ထိုအမြင်ဖြင့် ကုသိုလ်ပြုမှ ဘဝသမ္ပတ္တိ ၊ ဘောဂသမ္ပတ္တိ နှင့် ပြည့်စုံ၍ နိဗ္ဗာန်အထိ ရောက်နိုင်သည်။ အယူမှားလျှင် ဘုရားချွတ်၍ မကျွတ်သော သံသာရခါဏုက = သံသရာသစ်ငုတ်ကြီး ဖြစ်ကာ အယူလွဲမှားသော နိယတမိစ္ဆာဒိဋ္ဌိကို ယူသည့် တိတ္ထိကြီးများ ဖြစ်နိုင်၏။ သို့ဖြစ်၍ အယူဖြောင့်မှန်သူ ဖြစ်ခြင်းသည် ပဓာနအဓိက ဖြစ်သည်။

ဆုထူးပန် ဆရာဟန် (B.A.,Dip.Ed) ၏
သံသရာ လမ်းညွှန် ပညာ
ဆုထူးပန် အဘိဓမ္မာ
(ဒုတိယဆင့်)
ဝီထိမုတ်ပိုင်း (ဘုံပိုင်း) မှ
ကောက်နုတ်ဖော်ပြကာ ဓမ္မဒါန ပြုအပ်ပါသည်။

မှန်ကန်သော ဓမ္မအသိတို့ဖြင့် အကျိုးရှိရှိ နေနိုင်ကြပါစေ ကုန်သတည်း။

အထူးေစာင့္ထိန္းၾကပါ (အထူးစောင့်ထိန်းကြပါ)

Zawgyi : 

လူေတြဟာ တစ္ခုခုကို စိတ္ဝင္စားၿပီး စြဲလမ္းသြားလို႔ရိွရင္ မလုပ္ရမေနႏိုင္ ျဖစ္သြားတတ္တယ္ေပါ့။ ဒါေၾကာင့္မို႔ ဘယ္ကိစၥမွ အလြန္အကၽြံ Extreme မျဖစ္ေစဖို႔ အေရးႀကီးတယ္။ Extreme ျဖစ္သြားလို႔ရိွရင္ ေနာက္ျပန္ဆုတ္ဖို႔ အင္မတန္မွ ခက္တယ္။
❀ ကြမ္းစားတာလည္း Extreme ျဖစ္သြားရင္ စြဲတာပဲ။ ဗမာေတြေနတဲ့ေနရာမွာ ကြမ္းတံေတြးေတြရိွတယ္။ အဲဒီေတာ့ `ဗမာရိွ,မရိွ လိုက္႐ွာရင္ ကြမ္းတံေတြးပဲ႐ွာ၊ ကြမ္းတံေတြးရိွရင္ ဗမာေတြ႔လိမ့္မယ္။´ အဲဒီလိုေတာင္ ေျပာရမယ့္ အေနအထားမ်ိဳး ေရာက္တယ္ေနာ္။
❀ တကယ္ေတာ့ လုပ္ငန္းတစ္ခုလုပ္ရင္ ဘုရားေလာင္းရဲ႕စိတ္ဓာတ္ ေမြးသင့္တယ္ေပါ့။ ဘုရားေလာင္းက်ေတာ့ ဒါမေကာင္းဘူးလို႔ သိတာနဲ႔ တိကနဲ ျဖတ္ႏိုင္တယ္။ ဘုရားေလာင္းက စိတ္ဓာတ္ခိုင္မာတယ္လို႔ ဆိုရမယ္။ ေအး- သာမန္ပုဂၢိဳလ္ေတြကေတာ့ မေကာင္းမွန္းသိသားပဲ။ သို႔ေသာ္လည္း မျဖတ္ႏိုင္ၾကဘူးတဲ။ ဘုရားအေလာင္းက်ေတာ့ အဲဒီလို မဟုတ္ဘူး။ ဘယ္ေလာက္လုပ္လာလုပ္လာ၊ သူ႔စိတ္ထဲမွာ မေကာင္းဘူးလို႔ ခံယူလိုက္ရင္ ျဖတ္လိုက္တယ္။ ေကာင္းတယ္လို႔ဆိုရင္လည္း လက္ေတြ႔က်င့္သံုး လိုက္နာတယ္။ အဲဒီႏွစ္ခုဟာ အင္မတန္မွ အေရးႀကီးတယ္။
❀ ဘာျဖစ္လို႔ ဒီလိုျဖစ္ရသလဲဆိုရင္ လူေတြမွာ အဝိဇၨာနဲ႔ တဏွာ ဆိုတဲ့ ဒီႏွစ္ခုရိွတယ္။ တစ္ခါတစ္ရံက်ေတာ့ အဝိဇၨာက ဦးေဆာင္ေနတယ္။ တစ္ခါတစ္ရံက်ေတာ့ တဏွာက ဦးေဆာင္ေနတယ္။
❀ အဝိဇၨာက ဦးေဆာင္တဲ့အခါမွာ မေကာင္းတဲ့အလုပ္ကို မေကာင္းမွန္း မသိဘူး၊ အေကာင္းလို႔ထင္ၿပီးေတာ့ လုပ္တာ။ အဲဒါ အဝိဇၨာက ဦးေဆာင္တယ္လို႔ ေျပာတယ္ေနာ္။ အမွန္မသိလို႔လုပ္တာေပါ့။ ဆိုပါေတာ့ သူငယ္ခ်င္း အေပါင္းအသင္းေတြက `ေဟ့- ဒီေဆးေလးစားၾကည့္၊ မင္း
သိပ္လန္းတာပဲ´ ေဆးျပားေလးေပးလိုက္တယ္၊ သိပ္လန္းတယ္၊ ေနလို႔ထိုင္လို႔ သိပ္ေပ်ာ္တယ္၊ အျပစ္ကိုမျမင္ဘူး၊ လန္းဆန္းတက္ႂကြမႈကို ၾကည့္ၿပီးေတာ့ ေဆးဝါးကို စၿပီး သံုးၾကည့္လိုက္တယ္ေနာ္။ အဲဒီတုန္းက မသိလို႔လုပ္တာ။ ေျပာတယ္ေလ လူေတြက `ဒီေဆးေလးက လန္းတယ္´တဲ့။
❀အမေလး- ခုေတာင္မွ ဗမာျပည္မွာ လန္းတယ္ ဆိုတဲ့ စကားလံုးေလးကို ေတာ္ေတာ္ေလးကို တြင္တြင္က်ယ္က်ယ္ သံုးေနၾကတယ္ေနာ္။ ဘာလဲ `အခ်စ္က လန္းတယ္´ဆိုလား၊ အဲဒါမ်ိဳးေတြ။ လန္းတယ္ဆိုတာ အဲဒါမ်ိဳး။ ဒီေဆးေလးက လန္းတယ္ဆိုေတာ့ စားၾကည့္တာေပါ့။ အဲဒါ အမွန္မသိလို႔ စားလိုက္တာ။ အဝိဇၨာကေန ဦးေဆာင္သြားတာ။ ေဟာ- သိလည္းသိေရာ မျဖတ္ႏိုင္ေတာ့ဘူး။ မေကာင္းမွန္းေတာ့ သိတယ္၊ မျဖတ္ႏိုင္ဘူး။ ဒုကၡေတြေရာက္ၿပီး အိမ္ကမိဘကလည္း ျငဴစူလာတယ္။ ဟုိကမာန္ ဒီကမဲနဲ႔ မေကာင္းေတာ့ဘူး။ အလုပ္လည္း အဆင္မေျပေတာ့ဘူးဆို မေကာင္းမွန္းေတာ့ သိတယ္။ Drug addict ျဖစ္သြားၿပီ၊ Drug addict ျဖစ္သြားၿပီဆိုတဲ့အခါ ျပင္လို႔ မရေတာ့ဘူး။ အဲဒါက် တဏွာက ဦးေဆာင္တယ္ေနာ္။ ဒါေၾကာင့္မို႔ အဝိဇၨာနဲ႔ တဏွာကို အကုသိုလ္ရဲ႕ အျမစ္လို႔ ေျပာတာေနာ္။
❀ တစ္ခါတစ္ရံမွာ မေကာင္းမွန္းသိလို႔ လုပ္တာ။ တစ္ခါတစ္ရံက်ေတာ့ မေကာင္းမွန္းေတာ့သိတယ္၊ ႀကိဳက္လို႔ လုပ္တာ၊ ေဟာ- ဒီႏွစ္ခုပဲ ရိွတယ္ေလ။ အဲဒီေတာ့ မေကာင္းမွန္းသိၿပီးေတာ့ ႀကိဳက္လို႔လုပ္တဲ့ ပုဂိၢဳလ္ေတြက်ေတာ့ ဘယ္သူက ဦးေဆာင္လဲ၊ တဏွာက ဦးေဆာင္တာ။ ဒါေၾကာင့္မို႔ တဏွာသည္ အဝိဇၨာကို ဦးေဆာင္သြားတယ္။ တစ္ခါတစ္ရံ အဝိဇၨာက တဏွာကို ဦးေဆာင္သြားတယ္။ အဝိဇၨာနဲ႔တဏွာ ဒီႏွစ္ခုဟာ အျပန္အလွန္ ဦးေဆာင္သြားၾကတာတဲ့။ဒီလိုနဲ႔ ဒုကၡစက္ဝန္းႀကီးထဲမွာ လည္ပတ္သြားတာေပါ့၊ ဒီလုိ ဆိုလိုတာေနာ္။
ေဒါက္တာနႏၵမာလာဘိဝံသဆရာေတာ္
❀ ျမတ္ဗုဒၶ၏တရားေတာ္မ်ားကို လူတိုင္းရင္ထဲတြင္ ကိန္းဝပ္ေစခ်င္ေသာ ဆရာေတာ္၏ဆႏၵမြန္ကို ပါရမ္ီျဖည့္ဆည္းျခင္း၊
တရားအသိဉာဏ္အလွဴေပးျခင္း
သက္သက္ျဖစ္ပါ၍
တရားဓမၼကို လိုလားေသာ,
တရားဓမၼကို ျဖန္႔ေဝလိုေသာ
မည္သူမဆို
လြတ္လပ္စြာ ဓမၼဒါနျပဳႏိုင္ပါသည္။
posted by
Dhamma Knowledge

Unicode : 

လူတွေဟာ တစ်ခုခုကို စိတ်ဝင်စားပြီး စွဲလမ်းသွားလို့ရှိရင် မလုပ်ရမနေနိုင် ဖြစ်သွားတတ်တယ်ပေါ့။ ဒါကြောင့်မို့ ဘယ်ကိစ္စမှ အလွန်အကျွံ Extreme မဖြစ်စေဖို့ အရေးကြီးတယ်။ Extreme ဖြစ်သွားလို့ရှိရင် နောက်ပြန်ဆုတ်ဖို့ အင်မတန်မှ ခက်တယ်။

❀ ကွမ်းစားတာလည်း Extreme ဖြစ်သွားရင် စွဲတာပဲ။ ဗမာတွေနေတဲ့နေရာမှာ ကွမ်းတံတွေးတွေရှိတယ်။ အဲဒီတော့ `ဗမာရှိ,မရှိ လိုက်ရှာရင် ကွမ်းတံတွေးပဲရှာ၊ ကွမ်းတံတွေးရှိရင် ဗမာတွေ့လိမ့်မယ်။´ အဲဒီလိုတောင် ပြောရမယ့် အနေအထားမျိုး ရောက်တယ်နော်။

❀ တကယ်တော့ လုပ်ငန်းတစ်ခုလုပ်ရင် ဘုရားလောင်းရဲ့စိတ်ဓာတ် မွေးသင့်တယ်ပေါ့။ ဘုရားလောင်းကျတော့ ဒါမကောင်းဘူးလို့ သိတာနဲ့ တိကနဲ ဖြတ်နိုင်တယ်။ ဘုရားလောင်းက စိတ်ဓာတ်ခိုင်မာတယ်လို့ ဆိုရမယ်။ အေး- သာမန်ပုဂ္ဂိုလ်တွေကတော့ မကောင်းမှန်းသိသားပဲ။ သို့သော်လည်း မဖြတ်နိုင်ကြဘူးတဲ။ ဘုရားအလောင်းကျတော့ အဲဒီလို မဟုတ်ဘူး။ ဘယ်လောက်လုပ်လာလုပ်လာ၊ သူ့စိတ်ထဲမှာ မကောင်းဘူးလို့ ခံယူလိုက်ရင် ဖြတ်လိုက်တယ်။ ကောင်းတယ်လို့ဆိုရင်လည်း လက်တွေ့ကျင့်သုံး လိုက်နာတယ်။ အဲဒီနှစ်ခုဟာ အင်မတန်မှ အရေးကြီးတယ်။

❀ ဘာဖြစ်လို့ ဒီလိုဖြစ်ရသလဲဆိုရင် လူတွေမှာ အဝိဇ္ဇာနဲ့ တဏှာ ဆိုတဲ့ ဒီနှစ်ခုရှိတယ်။ တစ်ခါတစ်ရံကျတော့ အဝိဇ္ဇာက ဦးဆောင်နေတယ်။ တစ်ခါတစ်ရံကျတော့ တဏှာက ဦးဆောင်နေတယ်။

❀ အဝိဇ္ဇာက ဦးဆောင်တဲ့အခါမှာ မကောင်းတဲ့အလုပ်ကို မကောင်းမှန်း မသိဘူး၊ အကောင်းလို့ထင်ပြီးတော့ လုပ်တာ။ အဲဒါ အဝိဇ္ဇာက ဦးဆောင်တယ်လို့ ပြောတယ်နော်။ အမှန်မသိလို့လုပ်တာပေါ့။ ဆိုပါတော့ သူငယ်ချင်း အပေါင်းအသင်းတွေက `ဟေ့- ဒီဆေးလေးစားကြည့်၊ မင်း
သိပ်လန်းတာပဲ´ ဆေးပြားလေးပေးလိုက်တယ်၊ သိပ်လန်းတယ်၊ နေလို့ထိုင်လို့ သိပ်ပျော်တယ်၊ အပြစ်ကိုမမြင်ဘူး၊ လန်းဆန်းတက်ကြွမှုကို ကြည့်ပြီးတော့ ဆေးဝါးကို စပြီး သုံးကြည့်လိုက်တယ်နော်။ အဲဒီတုန်းက မသိလို့လုပ်တာ။ ပြောတယ်လေ လူတွေက `ဒီဆေးလေးက လန်းတယ်´တဲ့။

❀အမလေး- ခုတောင်မှ ဗမာပြည်မှာ လန်းတယ် ဆိုတဲ့ စကားလုံးလေးကို တော်တော်လေးကို တွင်တွင်ကျယ်ကျယ် သုံးနေကြတယ်နော်။ ဘာလဲ `အချစ်က လန်းတယ်´ဆိုလား၊ အဲဒါမျိုးတွေ။ လန်းတယ်ဆိုတာ အဲဒါမျိုး။ ဒီဆေးလေးက လန်းတယ်ဆိုတော့ စားကြည့်တာပေါ့။ အဲဒါ အမှန်မသိလို့ စားလိုက်တာ။ အဝိဇ္ဇာကနေ ဦးဆောင်သွားတာ။ ဟော- သိလည်းသိရော မဖြတ်နိုင်တော့ဘူး။ မကောင်းမှန်းတော့ သိတယ်၊ မဖြတ်နိုင်ဘူး။ ဒုက္ခတွေရောက်ပြီး အိမ်ကမိဘကလည်း ငြူစူလာတယ်။ ဟိုကမာန် ဒီကမဲနဲ့ မကောင်းတော့ဘူး။ အလုပ်လည်း အဆင်မပြေတော့ဘူးဆို မကောင်းမှန်းတော့ သိတယ်။ Drug addict ဖြစ်သွားပြီ၊ Drug addict ဖြစ်သွားပြီဆိုတဲ့အခါ ပြင်လို့ မရတော့ဘူး။ အဲဒါကျ တဏှာက ဦးဆောင်တယ်နော်။ ဒါကြောင့်မို့ အဝိဇ္ဇာနဲ့ တဏှာကို အကုသိုလ်ရဲ့ အမြစ်လို့ ပြောတာနော်။

❀ တစ်ခါတစ်ရံမှာ မကောင်းမှန်းသိလို့ လုပ်တာ။ တစ်ခါတစ်ရံကျတော့ မကောင်းမှန်းတော့သိတယ်၊ ကြိုက်လို့ လုပ်တာ၊ ဟော- ဒီနှစ်ခုပဲ ရှိတယ်လေ။ အဲဒီတော့ မကောင်းမှန်းသိပြီးတော့ ကြိုက်လို့လုပ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ ဘယ်သူက ဦးဆောင်လဲ၊ တဏှာက ဦးဆောင်တာ။ ဒါကြောင့်မို့ တဏှာသည် အဝိဇ္ဇာကို ဦးဆောင်သွားတယ်။ တစ်ခါတစ်ရံ အဝိဇ္ဇာက တဏှာကို ဦးဆောင်သွားတယ်။ အဝိဇ္ဇာနဲ့တဏှာ ဒီနှစ်ခုဟာ အပြန်အလှန် ဦးဆောင်သွားကြတာတဲ့။ဒီလိုနဲ့ ဒုက္ခစက်ဝန်းကြီးထဲမှာ လည်ပတ်သွားတာပေါ့၊ ဒီလို ဆိုလိုတာနော်။

ဒေါက်တာနန္ဒမာလာဘိဝံသဆရာတော်

❀ မြတ်ဗုဒ္ဓ၏တရားတော်များကို လူတိုင်းရင်ထဲတွင် ကိန်းဝပ်စေချင်သော ဆရာတော်၏ဆန္ဒမွန်ကို ပါရမ်ီဖြည့်ဆည်းခြင်း၊
တရားအသိဉာဏ်အလှူပေးခြင်း
သက်သက်ဖြစ်ပါ၍
တရားဓမ္မကို လိုလားသော,
တရားဓမ္မကို ဖြန့်ဝေလိုသော
မည်သူမဆို
လွတ်လပ်စွာ ဓမ္မဒါနပြုနိုင်ပါသည်။

posted by
Dhamma Knowledge